Skip to content


၂၀၁၆ ခုနှစ် ဗစ်တိုးရီးယားပြည်နယ် ပြည်သူလူထု အားလပ်ရက်များ

၂၀၁၆ ခုနှစ်အတွက် ဗစ်တိုးရီးယား ပြည်သူလူထု အားလပ်ရက်များကို စာရင်းဖော်ပြထားပါသည်။

  • ၂၀၁၆ ခုနှစ် ဗစ်တိုးရီးယားပြည်နယ် ပြည်သူလူထု အားလပ်ရက်များ
                                                                                                                                                                                             
အားလပ်ရက် ၂၀၁၆ ခုနှစ်
နှစ်သစ်ကူးနေ့ သောကြာနေ့၊ ဇန္နဝါရီလ ၁ ရက်
ဩစတြေးလျားနေ့ အင်္ဂါနေ့၊ ဇန္နဝါရီလ ၂၆ ရက်
အလုပ်သမားနေ့ တနင်္လာနေ့၊ မတ်လ ၁၄ ရက်
ခရစ်တော် ထမြောက်ခြင်းပွဲတော် အကြို၊ သောကြာနေ့ သောကြာနေ့၊ မတ်လ ၂၅ ရက်
ခရစ်တော် ထမြောက်ခြင်းပွဲတော် အကြို၊ စနေနေ့ စနေနေ့၊ မတ်လ ၂၆ ရက်
ခရစ်တော် ထမြောက်ခြင်းပွဲတော် တနင်္ဂနွေနေ့ တနင်္ဂနွေနေ့၊ မတ်လ ၂၇ ရက်
ခရစ်တော် ထမြောက်ခြင်းပွဲတော် တနင်္လာနေ့ တနင်္လာနေ့၊ မတ်လ ၂၈ ရက်
အန်ဇက် နေ့ တနင်္လာနေ့၊ ဧပြီလ ၂၅ ရက်
ဘုရင်မ မွေးနေ့ တနင်္လာနေ့၊ ဇွန်လ ၁၃ ရက်
ဩစတြေးလျား ဘောလုံးကစားနည်း အဖွဲ့ချုပ် (အေ အဲ့ဖ် အယ်လ်) ဗိုလ်လုပွဲ မတိုင်မီ သောကြာနေ့ သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက်
မယ်လ်ဘန် ဆုဖလား နေ့* အင်္ဂါနေ့၊ နိုဝင်ဘာလ ၁ ရက်
ခရစ္စမတ်နေ့ အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက်
(တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၂၅ ရက် အစားထိုးနေ့)
ခရစ္စမတ်ပြီး နောက်နေ့ တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက်

*မြို့တော်အဆင့်မရှိသည့် မြို့ကောင်စီမှ အခြားသော ဒေသခံ ပိတ်ရက်ကို စီစဉ်မပေးထားခဲ့လျှင် ဗစ်တိုးရီးယား တစ်ဝန်းလုံးနှင့် သက်ဆိုင်သည်။

မှတ်ချက်။ ပြည်သူလူထု ပိတ်ရက်များအားလုံးသည် ထုတ်ဝေချိန်၌ တိကျမှန်ကန်သော်လည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။

ကုန်သွယ်မှု ကန့်သတ်ထားရက်များ

ဗစ်တိုးရီးယား ဥပဒေအရ အောက်ပါအတိုင်း ကုန်သွယ်မှု ကန့်သတ်ချက်ကို နှစ်စဉ် နှစ်ရက်ခွဲ  သတ်မှတ်ထားသည်။

  • ခရစ်တော် ထမြောက်ခြင်းပွဲတော် အကြို၊ သောကြာနေ့
  • ခရစ္စမတ်နေ့
  • အန်ဇက် နေ့တွင် နံနက် ၁၂.၀၁ နာရီမှ မွန်းလွဲ ၁ နာရီကြားအထိဖြစ်သည်။

ဤသီးသန့်နေ့များတွင် ကင်းလွတ်ခွင့်ရှိသော ဆိုင်များသာ ဖွင့်ခွင့်ရှိသည်။

ကင်းလွတ်ခွင့်ရှိသော ဆိုင်များမှာ အဘယ်နည်း။

ကင်းလွတ်ခွင့်ရှိသော ဆိုင်များမှာ အောက်ပါ စံညွှန်းဝင် စီးပွားရေးလုပ်ငန်းများဖြစ်သည်။

  • ကုန်သွယ်မှု ကန့်သတ်ထားရက်တစ်ခု အတောအတွင်း မည်သည့်အချိန်မဆို ထိုဆိုင်တွင် အလုပ်သမား အယောက် ၂၀ သို့မဟုတ် ၎င်းအောက်ရှိသည်၊ ထို့အပြင်
  • ကုန်သွယ်မှု ကန့်သတ်ထားရက် မတိုင်မီ ကပ်လျက် ခုနှစ်ရက် အတောအတွင်း မည်သည့်အချိန်မဆို ထိုစီးပွားရေးလုပ်ငန်းအပြင် ၎င်းနှင့် စပ်ဆက်ရာ လုပ်ငန်းများတွင် ခန့်ထားသော အလုပ်သမားအရေအတွက် အယောက် ၁၀၀ ထက် မပိုရ။

ကုန်သွယ်မှု ကန့်သတ်ထားရက်များဆိုင်ရာ ကင်းလွတ်ခွင့်များ

အချို့သော စီးပွားရေးလုပ်ငန်းများအတွက် မည်သည့် ကုန်သွယ်မှု ကန့်သတ်ထားရက်များမျှ မရှိပါ။ ဤစီးပွားရေးလုပ်ငန်းများသည် တစ်နှစ်ပတ်လုံး မည်သည့်အချိန်၌မဆို စိတ်ကြိုက်ဖွင့်နိုင်သည်။ ကင်းလွတ်ခွင့်ရှိသော စီးပွားရေးလုပ်ငန်း အမျိုးအစားများမှာ၊

  • ဆေးနှင့် အလှကုန်ပစ္စည်းဆိုင်များ
  • ဓာတ်ဆီဆိုင်များ
  • စားသောက်ဆိုင်များ
  • ကဖီးဆိုင်များ
  • အစားအစာများကို အထုပ်နှင့် ဝယ်ယူသွားနိုင်သောဆိုင်များ
  • ဝန်ဆောင်မှုပေးသူများ
  • အငှားဆိုင်များ (ဗီဒီယိုငှားရမ်းဆိုင် အပါအဝင်) ဖြစ်ကြပါသည်။

ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှုဌာန သို့မဟုတ် ဗစ်တ်စ်(VITS) ဘာသာစကား အချိတ်အဆက် ၁၃၂၂၁၅